Home » News » တောင်ငူတက္ကသိုလ် ပထဝီဝင်မိသားစု ကျောင်းသား၊ ကျောင်းသူဟောင်းများ၏ ပထမအကြိမ် အာစရိယပူဇော်ပွဲကျင်းပ

တောင်ငူတက္ကသိုလ် ပထဝီဝင်မိသားစု ကျောင်းသား၊ ကျောင်းသူဟောင်းများ၏ ပထမအကြိမ် အာစရိယပူဇော်ပွဲကျင်းပ

တောင်ငူတက္ကသိုလ် ပထဝီဝင်မိသားစု ကျောင်းသား၊ ကျောင်းသူဟောင်းများ၏ ပထမအကြိမ် အာစရိယပူဇော်ပွဲကျင်းပ

GIFMaker.org_Qzx2Ch

တောင်ငူတက္ကသိုလ် မတ်လ(၂)

တောင်ငူတက္ကသိုလ်၊ ပထဝီဝင်မိသားစု ကျောင်းသား၊ ကျောင်းသူဟောင်းများ၏ ပထမအကြိမ် အာစရိယပူဇော်ပွဲ အခမ်းအနားကို ၂-၃-၂၀၁၉ ရက်နေ့တွင် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။ အခမ်းအနားတွင် ပထဝီဝင်ဌာနမှ ပါမောက္ခ(ဌာနမှူး) ဒေါက်တာဝင်းမြင့်ဦးက  ကြိုဆိုနှုတ်ခွန်းဆက်စကားနှင့် ကျေးဇူးတင်စကားပြောကြားခဲ့သည်။ ထို့နောက် အငြိမ်းစားဆရာကြီး၊ ဆရာမကြီးများက ဆုံးမသြဝါဒစကားများ ပြောကြားခဲ့သည်။ အခမ်းအနားသို့ တာဝန်ခံ                     ပါ​မောက္ခချုပ်(ငြိမ်း) ဒေါက်တာအေးကို၊ ဒုတိယပါမောက္ခချုပ်(ငြိမ်း) ဒေါက်တာဝင်းတင့်နှင့် ပထဝီဝင်ဌာနတွင် တာဝန်ထမ်းဆောင်ခဲ့ကြသော အငြိမ်းစားပါမောက္ခ(ဌာနမှူး)၊ ပါမောက္ခ၊ တွဲဖက်ပါမောက္ခ၊ ဆရာကြီး၊ ဆရာမကြီးများ တက်ရောက်ခဲ့ကြပြီး ပထဝီဝင်ဌာနမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူဟောင်းများက ပူဇော်ကန်တော့ခဲ့ကြသည်။



Back