Home » News » တောင်ငူတက္ကသိုလ် ဘူမိဗေဒမိသားစု ကျောင်းသား၊ ကျောင်းသူဟောင်းများ၏ဒုတိယအကြိမ်အာစရိယပူဇော်ပွဲကျင်းပ

တောင်ငူတက္ကသိုလ် ဘူမိဗေဒမိသားစု ကျောင်းသား၊ ကျောင်းသူဟောင်းများ၏ဒုတိယအကြိမ်အာစရိယပူဇော်ပွဲကျင်းပ

တောင်ငူတက္ကသိုလ် ဘူမိဗေဒမိသားစု ကျောင်းသား၊ ကျောင်းသူဟောင်းများ၏ဒုတိယအကြိမ်အာစရိယပူဇော်ပွဲကျင်းပ

GIFMaker.org_aULU6m

တောင်ငူတက္ကသိုလ်၊ မတ်လ (၉)

တောင်ငူတက္ကသိုလ်၊ ဘူမိဗေဒမိသားစု ကျောင်းသား၊ ကျောင်းသူဟောင်းများ၏ ဒုတိယအကြိမ်အာစရိယပူဇော်ပွဲနှင့် ညစာစားပွဲအခမ်းအနားကို ၉-၃-၂၀၁၉ ရက်နေ့တွင်် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် ဘူမိဗေဒဌာန ပါမောက္ခ(ဌာနမှူး) ဒေါက်တာအေးသီတာမွန်က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခဲ့ပါသည်။ ထို့နောက် ဘူမိဗေဒဌာနတွင် တာဝန်ထမ်းဆောင်ခဲ့ကြသော အငြိမ်းစား ကထိက ဆရာကြီးဦးအောင်သိန်းနှင့် လက်ရှိတက္ကသိုလ်အသီးသီး၏ ဘူမိဗေဒဌာနများ၌ တာဝန်ထမ်းဆောင်လျက်ရှိသော ဆရာကြီး၊ ဆရာမကြီးများက ဆုံးမသြဝါဒစကားများ ပြောကြားခဲ့ကြပြီး ဘူမိဗေဒ ကျောင်းသား၊ ကျောင်းသူဟောင်းများက ပူဇော်ကန်တော့ခဲ့ကြသည်။



Back