Home » News » ပညာရေး၀န်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးသည် တောင်ငူတက္ကသိုလ် ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ(ဌာနမှူး)များ၊ ပါမောက္ခများ၊ စီမံသင်တန်း အရာထမ်းများနှင့်လာရောက်တွေ့ဆုံ

ပညာရေး၀န်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးသည် တောင်ငူတက္ကသိုလ် ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ(ဌာနမှူး)များ၊ ပါမောက္ခများ၊ စီမံသင်တန်း အရာထမ်းများနှင့်လာရောက်တွေ့ဆုံ

ပညာရေး၀န်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးသည် တောင်ငူတက္ကသိုလ် ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ(ဌာနမှူး)များ၊ ပါမောက္ခများ၊ စီမံသင်တန်း အရာထမ်းများနှင့်လာရောက်တွေ့ဆုံ

GIFMaker.org_KVOI0Z

တောင်ငူတက္ကသိုလ်၊ မတ်လ (၁၄)

ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် အဆင့်မြင့်ပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်တို့သည် ၁၄-၃-၂၀၁၉ ရက်နေ့ နံနက်(၉း၀၀)နာရီတွင် တောင်ငူတက္ကသိုလ်သို့ လာရောက်ခဲ့ပြီး ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ(ဌာနမှူး)များ၊ ပါမောက္ခများ၊ စီမံသင်တန်းဌာနများမှ အရာထမ်းများနှင့်တွေ့ဆုံခဲ့သည််။ ပါမောက္ခချုပ်က တောင်ငူတက္ကသိုလ်၏ သင်ကြား၊ စီမံနှင့်တည်ဆောက်ရေးဆိုင်ရာ အချက်အလက်များကို ရှင်းလင်းတင်ပြခဲ့ပါသည်။ ထို့နောက် အဆင့်မြင့်ပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်  ဒေါက်တာသိန်းဝင်းက တောင်ငူတက္ကသိုလ်၏ လိုအပ်သောလုပ်ငန်းများအတွက် ဖြည့်ဆည်းဆောင်ရွက်ပေးမည့် အစီအစဉ်များကို ပြန်လည်ဆွေးနွေးတင်ပြခဲ့သည်။ ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် ဆရာ၊ ဆရာမများ သင်ကြားသင်ယူမှုနှင့် သုတေသနအရည်အသွေးမြင့်မားရေး ဆောင်ရွက်ကြရန်၊ ဆရာ၊ ဆရာမများ၊ အရာထမ်း၊ အမှုထမ်းများ အင်္ဂလိပ်စာနှင့့် ICT Skill ြမင့်မားရေး ဆောင်ရွက်ကြရန်၊ ဒေသနှင့်လိုက်လျောညီထွေသော HRD သင်တန်းများ ဖွင့်လှစ်ကြရန်နှင့် စာကြည့်တိုက်တွင် Online Library စနစ်ထိရောက်စွာ ဆောင်ရွက်ကြရန်စသည်တို့ကို မှာကြားခဲ့သည်။ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နံနက်(၁၁း၀၀)နာရီတွင် တောင်ငူတက္ကသိုလ်မှ ပြန်လည်ထွက်ခွွာခဲ့ကြသည်။



Back