Home » News » တောင်ငူတက္ကသိုလ် သင်္ချာမိသားစု၏ ”မိုးရာသီ ပန်းအလှပင်စိုက်ပျိုးပွဲ” ကျင်းပ

တောင်ငူတက္ကသိုလ် သင်္ချာမိသားစု၏ ”မိုးရာသီ ပန်းအလှပင်စိုက်ပျိုးပွဲ” ကျင်းပ

တောင်ငူတက္ကသိုလ် သင်္ချာမိသားစု၏ ”မိုးရာသီ ပန်းအလှပင်စိုက်ပျိုးပွဲ” ကျင်းပ

GIFMaker.org_w5eYQ3

၂၀၁၉ ခုနှစ်၊ ဇွန်လ (၂၆) ရက်

တောင်ငူတက္ကသိုလ် သင်္ချာမိသားစု၏ မိုးရာသီ ပန်းအလှပင်စိုက်ပျိုးပွဲ ကို ၂၅-၆-၂၀၁၉ ရက်နေ့တွင် သင်္ချာဌာနရှေ့ မြေကွက်လပ်တွင် ကျင်းပပြုလုပ်ခဲ့သည်။ ပန်းအလှပင် စိုက်ပျိုးပွဲတွင် သင်္ချာဌာန ပါမောက္ခ(ဌာနမှူး) ဒေါက်တာတင်မာထွေး၊ ပါမောက္ခ ဒေါက်တာနှင်းလဲ့ရည်နှင့် သင်္ချာဌာနမှ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများက ကံ့ကော်ပင်၊ စိန်ပန်းပင်၊ နှင်းဆီပင်၊ သပြေပင်၊ ကျောက်ခက်ပင်၊ စံပယ်ပင်၊ ယုဇနပင်၊ ဇီဇဝါပင်၊ သနပ်ခါးပင်နှင့် သပြေညိုပင် စုစုပေါင်း (၅၀)ပင် တို့ကို စိုက်ပျိုးခဲ့ကြသည်။ ထို့နောက် သင်္ချာဌာနရှေ့ အဆောင်သန့်ရှင်းသာယာရေးလုပ်ငန်းများ စုပေါင်းဆောင်ရွက်ခဲ့ကြသည်များကို မှတ်တမ်းတင်ဖော်ပြအပ်ပါသည်။



Back