Home » Background History

Background History

နောက်ခံသမိုင်းအကျဉ်း

ZZZ

     တောင်ငူတက္ကသိုလ်သည် ပဲခူးတိုင်းဒေသကြီး၊ အရှေ့ခြမ်း၊ တောင်ငူခရိုင်၊ တောင်ငူမြို့၏ အနောက်ဘက် (၅)မိုင်ခန့်အကွာ ဆင်ဆိပ်ကျေးရွာအုပ်စု၊ ညောင်ကိုင်းကျေးရွာအနီးတွင် တည်ရှိပါသည်။ ဧရိယာအကျယ်အ၀န်းအားဖြင့် (၂၅၈.၈၅ ဧက)ရှိပါသည်။

      တောင်ငူတက္ကသိုလ် စတင်တည်ထောင်သည့် ခုနှစ်မှာ ၁၉၉၈ ခုနှစ်ဖြစ်ပြီး ၂၀၀၀ ပြည့်နှစ် စတင်ဖွင့်လှစ်ခဲ့ပါသည်။ တောင်ငူတက္ကသိုလ်၏ ဖွဲ့စည်းပုံအရ ခွင့်ပြုကျောင်းသား၊ ကျောင်းသူဦးရေမှာ (၈၀၀၀)ဦးဖြစ်ပါသည်။ သင်ကြားရေးဌာနများအဖြစ် မြန်မာစာဌာန၊ အင်္ဂလိပ်စာဌာန၊ ပထဝီဝင်ဌာန၊ သမိုင်းဌာန၊ ဒဿနိကဗေဒဌာန၊ စိတ်ပညာဌာန၊ ဥပဒေပညာဌာန၊ အရှေ့တိုင်းပညာဌာန၊ ဓာတုဗေဒဌာန၊ ရူပဗေဒဌာန၊ သင်္ချာဌာန၊ သတ္တဗေဒဌာန၊ ရုက္ခဗေဒဌာန၊ ဘူမိဗေဒဌာနနှင့် အထောက်အကူပြုအဖြစ် စီးပွားရေးပညာဌာန စုစုပေါင်း (၁၅)ဌာနရှိပါသည်။ စီမံခန့်ခွဲရေး ဌာနများအဖြစ် သင်တန်းရေးရာဌာန၊ စီမံဌာန၊ ဘဏ္ဍာဌာန၊ အင်ဂျင်နီယာဌာန၊ စာကြည့်တိုက်ဌာန၊ အားကစားဌာနနှင့် အဝေးသင်တက္ကသိုလ် (တောင်ငူဌာနခွဲ) စသည်ဖြင့် ဖွဲ့စည်းထားရှိပါသည်။

   ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၏ သုတေသနလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ခေတ်မီဓာတ်ခွဲခန်းများဖြစ်သော Material Lab, Microbiology Lab, Tissue Culture Lab, Material Science Lab နှင့် Geographic Information System (GIS) Lab တို့ကို တည်ထောင်ဖွင့်လှစ်ဆောင်ရွက်လျက်ရှိသည်။

    တောင်ငူတက္ကသိုလ်အနေဖြင့် နိုင်ငံတကာတက္ကသိုလ်၊ အဖွဲ့အစည်းများနှင့် ပညာရပ်ဆိုင်ရာ များပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက် International Relations Office ကိုဖွဲ့စည်းထားရှိပါသည်။ ဘာသာရပ်ဌာနများ၏ သင်ကြားသင်ယူမှုနှင့် သင်ရိုးညွှန်းတမ်းများအရည်အသွေးပြည့်မီစေရေးကို အထောက်အကူပြုစေရန်အတွက် Internal Quality Assurance Office ဖွဲ့စည်းထားရှိပြီး တက္ကသိုလ်အဆင့်၊ ဌာနအဆင့် IQA Team များဖွဲ့စည်းကာ သင်တန်းများပို့ချပေးလျက်ရှိပါသည်။

    ၂၀၁၇-၂၀၁၈ ပညာသင်နှစ်တွင် နေ့သင်တန်းကျောင်းသား၊ ကျောင်းသူစုစုပေါင်း (၆၃၂၁)ဦးနှင့် အဝေးသင် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၅၅၄၇) ဦးတို့အား သင်ကြားပို့ချပေး လျက်ရှိပါသည်။ တောင်ငူတက္ကသိုလ်အနေဖြင့် ဝိဇ္ဇာဘွဲ့၊ သိပ္ပံဘွဲ့၊ ဥပဒေပညာဘွဲ့၊ ဝိဇ္ဇာဂုဏ်ထူးဘွဲ့၊ သိပ္ပံဂုဏ်ထူးဘွဲ့၊ မဟာဝိဇ္ဇာဘွဲ့၊ မဟာသိပ္ပံဘွဲ့၊ မဟာသုတေသနဘွဲ့နှင့် မဟာဥပဒေဘွဲ့ တို့ကို ပေးအပ်ချီးမြှင့်ခဲ့ရာ ၂၀၁၆-၂၀၁၇ ပညာသင်နှစ်အထိ ရိုးရိုးတန်းဘွဲ့ (၁၀၁၄၂)ဦး၊ ဂုဏ်ထူးတန်းဘွဲ့ (၅၃၁)ဦးနှင့် မဟာဘွဲ့ (၇၃၇)ဦး နှင့် မဟာသုတေသနဘွဲ့ (၁၁၄)ဦးအထိ မွေးထုတ်ပေးခဲ့ပြီး ဖြစ်ပါသည်။